Sunday, March 2, 2014
ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ IN IT, KNOWLEDGE
ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄
ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။
Ref:doyouknow.com
အောင်ခမ်း (ရိုးရာလေး)
အဆင်ပြေပါစေ..
Credit by Maungpauk.org
မောင်ပေါက်ဆိုဒ်{ ဒီမှာ } သွားလိုက်ပါ
ပြည့်ဖြိုးဆိုဒ်{ ဒီမှာ } သွားလိုက်ပါ
Saturday, March 1, 2014
နှလုံးသားရှိသူတိုင်းချစ်တတ်ကျပါစေ............
ကိုယ့်အပေါ်အမြဲတမ်း တန်ဖိုးထားလာတဲ့ သူရဲ့ အချစ်ကိုတစ်ခြားသူတွေရဲ့ အချစ်နဲ့ နှိုင်းယှဉ်ပီး သူ့ အချစ်ကို တန်ဖိုးမထားမိတဲ့
သူတစ်ယောက်မဖြစ်မိပါစေနဲ့ ...............
ကိုယ့်အပေါ်အချိန်တိုင်း ပေးဆပ်နေတတ်တဲ့ သူတစ်ယောက်ရဲ့ 
တန်ဖိုးကို သူရှိတဲ့ အချိန်မှာနားမလည်ပဲ သူမရှိတဲ့ အချိန်မှ တမ်းတနေ
ရတဲ့ သူတစ်ယောက် မဖြစ်မိပါစေနဲ့ .............
အချစ်ဆိုတာ ပေါသလောက်......အချစ်စစ်ဆိုတာအရမ်းကိုရှားပါတယ်
ကိုယ့်ကိုချစ်တယ်ဆိုတဲ့သူဆိုတာ အများကြီးရှိနိုင်ပေမဲ့ စစ်မှန်တဲ့
နှလုံးသားတစ်စုံနဲ့ ကိုယ့်ရဲ့ အကောင်းအဆိုးတွေကို အချိန်အကြာကြီး
နားလည်ခွင့်လွှတ်ပေးနိုင်တဲ့သူဆိုတာ အရမ်းကိုရှားပါးပါတယ်..
Wednesday, February 26, 2014
ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း✔
♕ ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားဖို့လိုပါတယ်. ပထမဆုံး my computer ကို ဖွင့်ပါ Localdisk:C ရဲ့properties မှာ usedspace,freespace ဘယ်လောက် ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ .. မှတ်သားပြီးသွားရင်တော့ ၁။ Start Menu , Control Panel မှ Power options ကို click ပါကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး ပြီးရင် EnableHibernation ဆိုတဲ့စာကြောင်း လေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်.. ၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ် Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ် Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ Disk space to use: အောက်မှာ မူလက 12 % ( 6132MB) ရှိရာမှ 3% (1386MB) သို့လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ.. ၃။ Start Menu , Internet explorer ကို open ရပါမယ် Menu bar မှ tools , Internet options ကို click ပါ Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် .. Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ ၄။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ် Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK……… နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်ရင်း မိမိကွန်ပျူတာ ဘယ်လောက် မြန်ဆန်သွက်လက် လာသလဲဆိုတာ စမ်းသပ်ကြည့်ကြပါစို့လား ……… အနှစ်ချုပ်ကတော့.. • Recycle Bin: Default 10 % dropped to 1% • Hibernation:Default ON ( for notebooks) switched OFF • Internet explorer: Default 474 MB dropped to 50 MB • System Restore: Default 12% dropped to 1% (~ 1 GB)♕
ကျေးဇူးတင်ပါတယ်ခင်ဗျား....
မောင်ပေါက်ဆိုဒ်{ ဒီမှာ } သွားလိုက်ပါ
ပြည့်ဖြိုးဆိုဒ်{ ဒီမှာ } သွားလိုက်ပါ
ကျေးဇူးတင်ပါတယ်ခင်ဗျား....
မောင်ပေါက်ဆိုဒ်{ ဒီမှာ } သွားလိုက်ပါ
ပြည့်ဖြိုးဆိုဒ်{ ဒီမှာ } သွားလိုက်ပါ
Tuesday, February 25, 2014
Sunday, February 23, 2014
နားလည်စေချင်တယ်.........
အချစ်ဆိုတာ တစ်ဦးတစ်ယောက်ထဲ........
ချစ်နေလို့မရသလို........
နှလုံးသားဆိုတာလဲ..
တစ်ဦးတစ်ယောက်ထဲ ရှိနေရုံနဲ့မပြည့်စုံဘူး......
ကိုယ်ချစ်နေတဲ့သူမှာလဲ ကိုယ့်လိုမျိုးပြန်ချစ်တက်တဲ့....
နှလုံးသားပါမှလေ.........
သင့်ကကြီးဘဲ တစ်ဖက်သက်ချစ်ဖို့မကြိုးစားပါနဲ့........
တစ်နေ့သင် ခံစားရလိမ့်မယ်......။
( Credit. Myanmar Poem)
ချစ်နေလို့မရသလို........
နှလုံးသားဆိုတာလဲ..
တစ်ဦးတစ်ယောက်ထဲ ရှိနေရုံနဲ့မပြည့်စုံဘူး......
ကိုယ်ချစ်နေတဲ့သူမှာလဲ ကိုယ့်လိုမျိုးပြန်ချစ်တက်တဲ့....
နှလုံးသားပါမှလေ.........
သင့်ကကြီးဘဲ တစ်ဖက်သက်ချစ်ဖို့မကြိုးစားပါနဲ့........
တစ်နေ့သင် ခံစားရလိမ့်မယ်......။
( Credit. Myanmar Poem)
Saturday, February 22, 2014
မင်္ဂလာပါ.........
အားလုံးမင်္ဂလာပါ ခင်ဗျား.........
ကျွန်တော်ဟာလူငယ်တစ်ယောက်ပါ.........
လေလွင့်နေတဲ့ ရွက်ဝါလေးလည်းဖြစ်နိုင်ပါတယ်.........
ခင်ဗျားအိုမင်းသွားတဲ့အခါ ကျွန်တော့်ရဲ့နုပျိုမှု့တွေကို ၀တ်မှုံကူးပါ..........
ဒါပေမဲ့ အသုံးတော့မချပါနဲ့..........
(အဲ့စာသားလေးကို ကြိုက်လို့ အကြိုအနေနဲ့တင်လိုက်ပီဗျ......)
ကျွန်တော်ဟာလူငယ်တစ်ယောက်ပါ.........
လေလွင့်နေတဲ့ ရွက်ဝါလေးလည်းဖြစ်နိုင်ပါတယ်.........
ခင်ဗျားအိုမင်းသွားတဲ့အခါ ကျွန်တော့်ရဲ့နုပျိုမှု့တွေကို ၀တ်မှုံကူးပါ..........
ဒါပေမဲ့ အသုံးတော့မချပါနဲ့..........
(အဲ့စာသားလေးကို ကြိုက်လို့ အကြိုအနေနဲ့တင်လိုက်ပီဗျ......)
Subscribe to:
Posts (Atom)
